တန့်ယန်း ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့နယ်ကုသရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ခန်းမဆောင်ကြီးတွင် စတင်ဆောင်ရွက်ထိုးနှံပေးကြသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးတွင် ပါဝင်သည့်ဆေးများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ထိုးနှံပေးကြရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် ဒီဇင်ဘာလ ၃ ရက်နေ့အထိ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)