ဗိုလ်တထောင် ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ဗိုလ်ကလေးဈေး၊ ကုန်သည်လမ်းနှင့် ၄၂ လမ်း တစ်လျောက် လမ်းသွားလမ်းလာများ၊ ဈေးဝယ်သူများနှင့် ဈေးရောင်းသူများအား Mask များကို Mask Campaign ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ထွက်ခွာသည့် အခါတိုင်း နှာခေါင်းစည်းကိုသတ်မှတ် စည်းကမ်းများနှင့်အညီ စနစ်တကျ တပ်ဆင်ရန်အတွက် ဗိုလ်တထောင်မြို့နယ် ကိုဗစ်-၁၉ ရော ဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့် ပြန်ရေးကော်မတီဥက္ကဠ ဦးကြည်နိုင်နှင့် ကော်မတီ ဝင်များ နှာခေါင်းစည်းအခုရေ-၁၀၀၀ ကိုအခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဈေးရောင်ဈေးဝယ် များအား ကျန်းမာရေးလက်ကမ်းစာစောင် ၃၀၀ ကိုအခမဲ့ဖြန့်ဝေ၍ အသိပညာပေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)