မိုင်းယန်း ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြု လူနာ ၄ ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယမန်နေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ် ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရ ကိုဗစ်အတည်ပြုလူနာများသည် နေအိမ်၌ ၁၀ ရက်ကြာ Stay At Home ဆက်လက်နေထိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့အတည်ပြု လူနာ(၁၈၇) ဦးတွေ့ရှိသည့်အနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ နေအိမ်သို့ ပြန်လည်စေလွတ်သူ(၁၅၃) ဦးအထိရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)