ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ် ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ပန်းခင်းစီမံချက်ဖြင့် အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက ကျောက်ပန်းတောင်းမြို့နယ် ကန်ပတ်လည် ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးငွေမိုးကနှင့် ဝန်ထမ်းများက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ကျေးရွာပြည်သူများနှင့်တွေ့ဆုံ၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်နှင့်အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် နိုင်ငံသားတစ်ဦး အတွက် တရားဥပဒေနှင့်အညီနိုင်ငံသားအခွင့် အရေးအပြည့်အဝ ရရှိနိုင်ရန်အတွက် နိုင်ငံသား စိစစ်ရေး ကတ် မရှိမဖြစ်လိုအပ်ပုံနှင့် မိမိလက်ဝယ်ရရှိလာသည့် နိုင်ငံသားစိစစ်ရေးကတ်များကိုလည်း မပျောက် ပျက်အောင် အလေးထား ထိန်းသိမ်းသွားကြရန်တို့ကို မြို့နယ်ဦးစီးမှူးက ဦးငွေမိုးက ဆွေးနွေး မှာကြား သည်။ ယင်းနောက် ဝန်ထမ်းများက ကန်ပတ်လည်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၆)နှစ် မှ(၁၈)နှစ် ကြား နိုင်ငံသားစိစစ်ရေးကတ် (၁၆)ဦးနှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် (၂၆)ဦး စုစုပေါင်း(၄၂)ဦးတို့ကို နိုင်ငံသားကတ်များ နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)