မိုင်းလုံမြို့တွင် ကဗျာရွတ်ဆိုခြင်းကို Online မှတစ်ဆင့် ဆောင်ရွက်

မိုင်းလုံ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်းများက  ကျောင်းသား/ကျောင်းသူများနှင့် ကလေး‌ငယ်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီစဉ်များကို  ပြည်သူ့စာကြည့်တိုက် Pageများတွင် နေ့စဉ်လွှင့်တင် ဆောက်ရွက်ပေးလျက် ရှိပါသည်။

ယနေ့မှာတော့ ဒေါ်ဌေးဌေးဝင်းက ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များကို ကဗျာ များ ကလေးဘဝတည်းက စိတ်တွင်စွဲထင် ကျန်ရစ်နေစေရန်၊ စာအုပ်စာပေနှင့် အမြဲထိတွေ့ စေရန်၊ ယဉ်ကျေးလိမ္မာသော သားသမီးများဖြစ်စေရန် ရည်ရွယ်၍ ကနီဆေခူမီးစာပေမှ ထုတ်ဝေ သော "ကျွန်ုပ်တို့၏ ကပွဲ" ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေ ဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ် များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှတစ်ဆင့် တင်ဆက်ပေး လျက်ရှိကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)