မိုင်းရယ် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည် အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မိုင်းရယ်မြို၊ နမ့်ရယ်ခန်းမ၊ မိုင်းဟိန်း ကျေးလက်ကျန်းမာရေးဌာနခွဲ၊ မန်ကျောင်းပန်ရှင် ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် နားခိုကျေးရွာ အုပ်စုတွင် တစ်အိမ်တက်ဆင်း ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဉီးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ်အထက် ဒုတိယ အသုတ် ဒုတိယအကြိမ် လာရောက်ထိုးနှံသူ (၁၀၀)ဦး၊ တတိယအသုတ် ဒုတိယအကြိမ် လာရောက် ထိုးနှံသူ(၁၁၀)ဦးနှင့် စတုတ္ထအသုတ် ပထမအကြိမ် လာရောက်ထိုးနှံသူ (၁၁၀)ဦး စုစုပေါင်း (၃၂၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မတီမှ သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်း များ၊ ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ကျော်ဇင်ထိုက်