မိုင်းခတ် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့မှ ဦးဆောင်၍ မြို့မစျေးရှိစျေးဆိုင်ရှင်များ၊ မြို့တွင်းဝင်/ထွက်သွားလာသူများ၊ ပိုးတွေ့လူနာများ၏ မိသားစုဝင်များ၊ Contact ထိတွေ့သူများ စုစုပေါင်းလူဦးရေ (၃၆) ဦးအား RDT test kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး (၂)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လူနာများအား မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံသီးသန့် လူနာဆောင်တွင်ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန တာဝန်ခံဆရာဝန်ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)