ကော့ကရိတ်မြို့တွင် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​အောင်မြင်​စွာ​ဆောင်ရွက်နိုင်​ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပ

ကော့ကရိတ် သြဂုတ် ၂၁

ကရင်ပြည်နယ်၊​​ ကော့ကရိတ်ခရိုင်တွင်း ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်​နေ့နံနက် (၁၀) နာရီအချိန်က ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင်ကျင်းပမည့်       အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာပြီးဖြစ်ရာ လိုအပ်ချက်များအား ပြန်လည်သုံးသပ်အကြံပြုဆောင်ရွက်နိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေး မဆုံးရှုံးစေရေးနှင့်အောက်တို ဘာလတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းပြုလုပ်ရာ၌ ပြည့်စုံမှန်ကန်သည့်မဲဆန္ဒရှင်စာရင်းများ ရရှိနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှအဖွဲ့ဝင်များအနေဖြင့် ပေါင်းစပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွား​ရေး​ ဆွေး​နွေး​​ပြောကြားသည်။

ထို​​နောက်တက်​ရောက်လာကြသည့်​ကော်မရှင်အဖွဲ့ခွဲဝင်များမှ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခြင်း၊ ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများ နှင့်ပတ်သက်၍   ပေါင်းစပ်ညှိနှိုင်း ခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအ​​စည်းဝေးသို့​ကော့ကရိတ်ရိုင် အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနု၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ တက်ရောက်ကြ​ကြောင်းသိရှိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)