ခမောက်ကြီး ဩဂုတ် ၂၁
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ (၄၅) မိုင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ယမန်နေ့နံနက်တွင် ဆောင်ရွက်ကြောင်း သိရသည်။
ကော့သောင်း-ဘုတ်ပြင်း ကားလမ်းမပေါ်ရှိ (၄၅) မိုင်စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများ မော်တော်ယာဉ်လိုင်းများနှင့် ယာဉ်မောင်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ နှာခေါင်းစည်းမတပ်ဆင်သူများအား တပ်ဆင်အသုံးပြုရေးတို့အတွက် နှာခေါင်းစည်းနှင့် ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးကြသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် နေ့စဉ်တာဝန်ကျသည့် နယ်မြေခံရဲတပ်ဖွဲ့၊ ပို့ဆောင်ဆက်သွယ်ရေးဦးစီး ဌာန၊ အရန်မီးသတ်တပ်ဖွဲ့တို့အပြင် ခမောက်ကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး၏ကြီးကြပ်မှုဖြင့် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။
နန့်လေးလေး