ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်းရှိ သင်တန်းကျောင်းများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ဆောင်ရွက်ထားခြင်းရှိ/မရှိစစ်ဆေး

ကမာရွတ် ဩဂုတ် ၂၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပညာရေးဌာန တို့မှ ယမန်နေ့ ညနေ ၄ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ပုဂ္ဂလိက သင်တန်းကျောင်း၊ KMD သင်တန်းကျောင်း၊ ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း၊ Success Language သင်တန်းကျောင်း တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်အညီ စနစ်တကျ ဖွင့်လှစ်ခြင်းရှိ/မရှိ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း အဖွဲ့က အမှတ်(၁)ရပ်ကွက်အတွင်းရှိ သင်တန်းကျောင်း(၄)ကျောင်းအား သွားရောက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူများ ထားရှိခြင်းရှိ/မရှိ၊ လျှပ်စစ်အသုံးပြုရာတွင် စနစ်ကျမှုရှိ/မရှိ၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ချမှတ်ထားသော စည်းကမ်းချက်များအား အလေးထားလိုက်နာ ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)