ကွန်ဟိန်း ဩဂုတ် ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန မှ Covid -19 Quaratine Center များရှိ စောင့်ကြည့်ခံ အသက်(၆၀)နှစ် အထက်၊ ကလေး၊ ကိုယ်ဝန်ဆောင်များအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားအား ယနေ့ နံနက် ၉ နာရီ အချိန် က ဟိတကာရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုနောက် စောင့်ကြည့်ခံလူတစ်ဦးလျှင်သုံးသောင်းကျပ်ဖြင့်(၁၃)ဦးအတွက် ငွေကျပ် သုံးသိန်း ကိုးသောင်း (၃၉၀၀၀၀) တိတိအား ထောက် ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနား သို့ မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန၊ တာဝန်ခံဒေါ်သန္တာမောင်မောင်ဦး နှင့်ဝန်ထမ်း များ၊ ကျန်းမာရးဌာနမှ ဝန်ထမ်များ၊ ရင်ခွင်မဲ့ ကလေးငယ်းများလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေး ဥက္ကဋ္ဌ ဦးသိန်းလင်းအောင် နှင့် အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)