လှိုင်သာယာမြို့နယ်၌ ရဲတပ်ရင်းအမှတ်(၉) တပ်ဖွဲ့ဝင်များထံသို့ ငါးသေတ္တာ၊ ကော်ဖီမစ်နှင့် နို့မှုန့်ထုပ်များ လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း  ရဲတပ်ရင်း အမှတ်(၉)တပ်ဖွဲ့ဝင်များထံသို့ ငါးသေတ္တာဘူး၊ ကော်ဖီမစ်နှင့် နို့မှုန့်ထုပ်များကို We Love Yangon ၊ We Love Hlaingtharyar အဖွဲ့ဝင်များနှင့် လှိုင်သာယာမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ တို့က ယမန်နေ့ နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ခန်းမတွင် ပေးအပ်လှူဒါန်းသည်။

အဆိုပါ ပေးအပ်လှူဒါန်းရာတွင် ငါးသေတ္တာဘူး(၅၀၀)ဘူး၊ ကော်ဖီမစ်(၂)ဖာ၊ နို့မှုန့် (၂)ဖာတို့အား We Love Yangon ၊ We Love Hlaingtharyar အဖွဲ့ဝင်များနှင့် လှိုင်သာယာမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ တို့က ပေးအပ်လှူဒါန်းခဲ့ပြီး ရဲတပ်ရင်း(၉)တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်မိသားစုများက ကိုယ်တိုင် ကိုယ်ကျ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)