ဘုရားသုံးဆူမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဘုရားသုံးဆူ သြဂုတ် ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကို အမှတ် (၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်း၍ ယမန်နေ့နေ့လယ် က အမှတ်(၂) ရပ်ကွက်၊ အ.မ.က မူလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် ဘုရားသုံးဆူမြို့၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်မှ ရဲအုပ် စောနေရူးက လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆောင်ရွက်မှုများကို မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွားများသို့ ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စောရဲဝင်းထွဋ်(ပြန်/ဆက်)