ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၂၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ထိန်နှစ်ပင်ကျေးရွာ အုပ်စုတွင် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိ ကြောင်း သိရသည်။
ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးရာတွင်လည်း ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေ၊ လဝကမှူး ဒေါ်ဝင်းစန္ဒာ၊ လက်ထောက်လဝကမှူး ဦးစိုးဝဏ္ဏနှင့် ဝန်ထမ်းများက ထိန်နှစ်ပင်ကျေးရွာအုပ်စုအတွင်း အသက်(၁၀) ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၁)ဦးနှင့် အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၃၉)ဦး စုစုပေါင်း ကျေးရွာနေပြည်သူ(၄၀)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး နိုဝင်ဘာလ(၂၈)ရက်နေ့အထိ အသက်၁၀ နှစ် ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၆၂၀)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်ထားသူ (၄၃၁၇)ဦး စုစုပေါင်း ရပ်ကွက်ကျေးရွာနေပြည်သူ
(၄၉၃၇)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၇၈၁)ခုတို့ကို ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ ရာပြုလုပ် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို လည်း ရပ်ကွက်ကျေးရွာ နေပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)