မိုင်းဖြတ်၌ အသက် နှစ်လမှ တစ်နှစ်ခွဲ ကလေးငယ်များကို ပုံမှန် ကာကွယ်ဆေး တိုက်/ဆေး ထိုးခြင်းလုပ်ငန်းဆောင်ရွက်

မိုင်းဖြတ် သြဂုတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ အသက်နှစ်လမှ တစ်နှစ်ခွဲကလေးငယ်များကို ပုံမှကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ က မြို့ပေါ်ရပ်ကွက်နှင့် တပ်နယ် များအတွင်းရှိ အသက်နှစ်လမှ တစ်နှစ်ခွဲရှိ ကလေးငယ် ၄၅ ဦးတို့ကို ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဂျီ)၊ ဆုံဆို့၊ ကြက်ညှာစသည့် ကာကွယ်ဆေးများကို သက်မှတ်အကြိမ်အရေးနှင့် အသက် အပိုင်းအခြားအလိုက် တိုက်/ ထိုးခြင်းများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)