အလုံမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိ​စေ​ရေးအတွက် ​တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်​ဆေးခြင်း​ဆောင်ရွက်

အလုံ သြဂုတ် ၂၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးခွင့်ရှိသူများ အားလုံး မဲစာရင်းတွင်ပါဝင်နိုင်​​ရေးနှင့်  အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ယမန်​နေ့ ညနေ (၄)နာရီအချိန်က အလုံ မြို့နယ် ဌာနရပ်ကွက် တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့​​​ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထိန်လင်း၊ ရပ်ကွက်စာ​ရေး၊ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြတ်ကျော်နှင့် အဖွဲ့ဝင် များသည် ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ် တက်ဆင်းသွားရောက်ကာ  မဲဆန္ဒရှင်စာရင်း တွင် ပါဝင်သော အချက် အလက်များ မှန်ကန်မှုရှိ​ရေး၊ မဲဆန္ဒရှင်အမည်စာရင်းများ ကျန်ရှိမှုမရှိစေရေးတို့ကို သက်ဆိုင်ရာ မိသားစုများနှင့်အတူ တိုက်ဆိုင် စစ်ဆေး ခဲ့ပြီး မဲစာရင်းတွင် အမည်စာရင်းကျန်ရှိပါက ပုံစံ-၃ဖြင့်​​လျှောက်ထားခြင်း၊ အချက်အလက်များ မှားယွင်း​နေပါက ပုံစံ-() ဖြင့် ပြင်ဆင်ခြင်း၊ မပါဝင်သည့်သူများ ပါဝင်​နေပါက ပုံစံ-၄ဖြင့် ကန့်ကွက်ခြင်း တို့ကို  ​လျှောက်ထားနိုင်​ရေးတို့ကို ဆောင်ရွက်​​ပေးခဲ့​ကြောင်း သိရှိရသည်။

တင်တင်ချို ပြန်/ဆက်