အလုံမြို့နယ်၌ သစ္စာစီမံချက်ဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ကွင်းဆင်း​ဆောင်ရွက်

အလုံ  သြဂုတ်  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၌  ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့် ရှိသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက သစ္စာ စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ​​ဆင်မင်းရပ်ကွက်နှင့် ဌာနာရပ်ကွက်ရပ်ကွက်တို့ တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  အလုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနနှင့်အတူ  မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန၊ မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲတို့ ပူး​​​ပေါင်း၍ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ စာရင်း ကောက်ယူခြင်း၊ စစ်ဆေးဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးတို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိ‌ကြောင်း သိရသည်။

အလုံမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်ရှိရာ အဆိုပါ ရပ်ကွက်များအားလုံးတွင် သတ်မှတ်ရက်များအလိုက်  နိုင်ငံသား စိစစ်​ရေး ကတ်ပြား များကို ကွင်းဆင်း​ဆောင်ရွက် သွားမည်ဖြစ်​ကြောင်း သတင်းရရှိ သည်။

တင်တင်ချို ပြန်/ဆက်