နမ္မတူမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူ ၃၅၀ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေး

နမ္မတူ    နိုဝင်ဘာ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ()နာရီခွဲအချိန်တွင် အခြေခံပညာအထက်တန်းကျောင်း (မန်စံ)၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက နိုဝင်ဘာလ (၂၆)ရက် နေ့တွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူ (၃၅၀)ဦးအား ပထမအကြိမ် ကိုဗစ်ကာကွယ် ဆေးများထိုးနှံ ပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်လည်း ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။     

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စု အလိုက်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၄၇၂၈ဦး၊ ကျောင်းသား/ကျောင်းသူ ၃၃၆ဦး၊ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၂၆၁၆ဦးနှင့် ကျောင်းသား/ကျောင်းသူ ၅၇၄ဦး၊ စုစုပေါင်းကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၈၂၅၄ဦးရှိ ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီး ဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)