လိပ်သိုမြို့ရှိ ရန်ကြီးအောင်ဘုရားရင်ပြင်တော်အား ပြုပြင်မွမ်းမံခြင်း စုပေါင်းလုပ်အားပေးဆောင်ရွက်

လိပ်သို  သြဂုတ် ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ရန်ကြီးအောင်ဘုရားရင်ပြင်တော်အား ပြုပြင်မွမ်းမံခြင်း စုပေါင်းလုပ် အားပေးကို ယမန်နေ့နံနက်မှစ၍ လိပ်သိုမြို့ ဗုဒ္ဓဘာသာဂေါပကအဖွဲ့မှဦးစီးပြီး လိပ်သိုလူငယ်အဖွဲ့၊ ယောဂီအဖွဲ့တို့က ပါဝင်စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လိပ်သိုမြို့ ဗုဒ္ဓဘာသာဂေါပကအဖွဲ့နှင့် လူငယ်အဖွဲ့တို့မှ ရန်ကြီးအောင်ဘုရားရင်ပြင်တော်အား အုတ်စီကျောက်ချခြင်းများ၊ ကွန်ကရစ်ခင်းကျင်းခြင်းများ၊ ဘုရားဝန်းကျင်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

လိပ်သိုမြို့၊ရန်ကြီးအောင်ဘုရားရင်ပြင်တော်အား ပြန်လည်ပြုပြင် မွမ်းမံခြင်းကို သြဂုတ်လ ၁၀ ရက်နေ့ကစပြီး ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း လိပ်သိုမြို့ ဗုဒ္ဓဘာသာဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဖိုး ထံမှ သိရသည်။

နွယ်နွယ်ခိုင်(ပြန်/ဆက်)