ဘောဂလိမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် (တတိယအကြိမ်)ထောက်ပံ့ငွေများ ဆက်လက်ထောက်ပံ့ပေးအပ်

ဘောဂလိ   ဩဂုတ်   ၂၁

ကရင်ပြည်နယ်၊ ဘောဂလိမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ အတွက်    နိုင်ငံတော်အစိုးရမှ  အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့်  ထောက်ပံ့သည့် ထောက်ပံ့ငွေများကို  ရပ်ကွက်/ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား  တစ်အိမ်တက်တစ်အိမ်ဆင်း ထောက်ပံ့ပေးအပ်လျက်ရှိရာ  ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့၊ သပြေညွန့်ကျေးရွာအုပ်စု၌ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား‌   ဆက်လက်ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင်  ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားနေစဉ်ကာလအတွင်း   ပုံမှန်ဝင်ငွေမရှိသော  အိမ်ထောင်စု များ၏   အလုပ်အကိုင်အခက်အခဲများ ဖြစ်ပေါ်နေမှုအပေါ် နိုင်ငံတော်အစိုးရမှ  ယခုလိုထောက်ပံ့ငွေ များ  ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သံတောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်  ဦးစောလှမြင့်က ပြောကြားသည်။ ထို့နောက် ဘောဂလိမြို့ အုပ်ချုပ်ရေးမှုး ဦးစောဘိုဘိုကျော်မှ   ကိုဗစ်-၁၉ ရောဂါ  နှင့်ပတ်သက်၍  ကြိုတင်ကာကွယ်လုပ်ဆောင်ရမည့်အချက်များ၊ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၏   အချိန်နှင့်တပြေးညီ ထုတ်ပြန်ညွှန်ကြားချက်များကို   လိုက်နာဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သပြေညွန့်ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုတစ်စုလျှင်ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့်  အိမ်ထောင်စု (၇၆၃) စုအတွက်  ငွေကျပ်(တစ်ရာ့ငါးဆယ်နှစ်သိန်းခြောက်သောင်း) တိတိကို   ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးစောလှမြင့် နှင့် ဘောဂလိမြို့အုပ်ချုပ်ရေးမှူး ဦးစောဘိုဘိုကျော်တို့မှပေး အပ်ခဲ့ ကြောင်း သိရှိရသည်။

နီလာအေး(ပြန်/ဆက်)