လသာ နို၀င်ဘာ ၂၇
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်ရုံး၌ယနေ့နံနက် (၁၁)နာရီ အချိန်ကကျင်းပ ပြုလုပ်ခဲ့ သည်။
အဆိုပါ စာအုပ်ပြပွဲတွင် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်များ ဖြစ်ပေါ်ပြောင်းလဲလာပုံအကြောင်း သိကောင်းစရာများ၊ လူငယ်လူရွယ်များ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး လှုံ့ဆော်ပညာပေး ဆောင်းပါး စာအုပ်များ၊ လွတ်လပ်ရေးနှင့် နိုင်ငံအချုပ်အခြာ အာဏာထိန်းသိမ်း ကာကွယ်စိတ်များ ရှင်သန် နိုးကြားလာရေးစာစုများစသည့် ဗဟုသုတ ဖြစ်ဖွယ်ရာစာအုပ်များနှင့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ သတင်းစကား လက်ကမ်း စာစောင် တို့အား ခင်းကျင်းပြသထားပြီး စာအုပ်ပြပွဲသို့ ရပ်ကွက်နေပြည်သူများ၊ လမ်းသွားလမ်းလာများက စိတ်ပါ၀င်စားစွာ လာရောက် ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။