ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည်    နိုဝင်ဘာ  ၂၇

မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ကျောင်းသူများ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ နေ့ထူးနေ့မြတ်များအကြောင်းနှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ ပိုမိုသိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၈)နာရီခွဲက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံများအကြောင်း၊ ၂၀၂၁-ခုနှစ် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အမျိုးသားပညာရေး၊ ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ အမျိုး သားရေး စိတ်ဓာတ် စသည့်အကြောင်းအရာများကို အသီးသီး ဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် အမျိုးသားအောင်ပွဲနေ့ နှင့်ပတ်သက်သည့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး