လှိုင်းဘွဲ ၊ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်း/သံဃာများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် မနက်ဆွမ်းခံကြွခြင်းကို ခေတ္တယာယီရပ်နားထားခဲ့ရာ ယနေ့နံနက်ပိုင်းက ရဟန်း/သံဃာများ ဆွမ်းခံပြန်လည်ကြွရောက်ပြီးဖြစ်ကြောင်း သိရသည်။
ရဟန်/သံဃာများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်နှင့်အညီ ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ဆွမ်းခံကြွခြင်း မပြု တော့ဘဲ ယခုဆိုရင် မြို့နယ်အတွင်း ကူးစက်ပျံ့နှံ့မှု မရှိတော့သဖြင့် ရဟန်း/သံဃာများ ပြန်လည် ဆွမ်းခံကြွ နေပြီးဖြစ်ရာ ရပ်ကွက်နေပြည်သူများက ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဆွမ်းလောင်းခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
စောဒိ( ပြန် / ဆက်)