ဒဂုံ ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်းရှိ AYA Bank ATM ငွေထုတ်စက် အဖောက်ခံရကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ယနေ့နံနက် ၇ နာရီ ၁၅ မိနစ် အချိန် သတင်း ပေးပို့ချက်အရ ယင်းဖြစ်ပွားရာနေရာသို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူ၊ မြို့နယ်ရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင်တို့က သွားရောက် ကြည့်ရှုစစ်ဆေး ကြောင်းသိရသည်။
ယင်းဖြစ်ပွားနေရာသို့ သက်ဆိုင်ရာဘဏ်မှ တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီ ၃၅ မိနစ် အချိန်တွင် လာရောက်စစ်ဆေးခဲ့ရာ CCTV မှတ်တမ်းများအရ ဩဂုတ် ၂၁ ရက်နေ့ နံနက် (၀၁:၄၇)နာရီ အချိန်တွင် လူ(၂)ဦးမှ လာရောက်ဖောက်ထွင်းခဲ့ကြောင်း တွေ့ရပြီး ATM စက်အတွင်းမှ ငွေများ ဖောက်ယူနိုင်ခြင်း မရှိဘဲ ပြန်လည်ထွက်ခွာ သွားခြင်းဖြစ်ကြောင်းနှင့် ဆုံးရှုံးမှုအနေဖြင့် ပျက်စီး သွားသည့် ATM စက်တန်ဖိုး မှာ US ဒေါ်လာ (၁၈၀၀၀) ရှိကြောင်း သိရသည်။
အဆိုပါ စက်အဖောက်ခံရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက အမှုဖွင့်အရေးယူ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)