ဒက္ခိဏသီရိမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဒက္ခိဏသီရိ    နိုဝင်ဘာ  ၂၆

၂၀၂၁ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီတွင် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က ‌(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ စာရေးဆရာခိုင်မင်း (နေပြည်တော်)က အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို လည်း ကောင်း ဟောပြောဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများအား  အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် ဖတ်မှတ်စွမ်းရည် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းရာ ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့်တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များကို ပေးအပ်ချီးမြှင့်ကြသည်။

အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (ရုံးချုပ်) မှထုတ်ဝေသည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်နံရံကပ် စာစောင်များကို ခင်ကျင်းပြသရာ ကျောင်းသား၊ကျောင်းသူများက ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)