ပန်ဆိုင်း (ကြူကုတ်) မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပန်ဆိုင်း(ကြူကုတ်)    နိုဝင်ဘာ    ၂၆

 အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်- ၁၉ ရောဂါကို မိမိကစ၍ ကာကွယ်နိုင်ရန် အတွက် တတ်နိုင်သမျှ အိမ်မှာနေပါ၊ အိမ်ပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေတပ်ဆင်ပါ၊ အချင်းချင်း အသိပေး/သတိပေးပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကို စက္ကန့် (၂၀) ကြာအောင် မကြာခဏ စနစ်တကျ ဆေးကြောပါ၊ လေဝင်လေထွက်မကောင်း သော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊ မဖြစ်မနေအိမ်ပြင်ထွက်ရပါက အိမ်ရှိ အသက် အရွယ်ကြီးသူ/နာတာရှည် ရောဂါအခံရှိသူများနှင့် အနီးကပ် နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက် ခံယူပါ၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ကိုဗစ်- ၁၉ ရောဂါ သံသယလက္ခဏာ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်၍ စောစီးစွာကုသမှု ခံယူပါရန်နှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအားလုံး ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

အိဖြူ (ပန်ဆိုင်း)