မြဝတီ အောက်တိုဘာ ၂၆
ကရင်ပြည်နယ် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး နံရံကပ်စာစောင်းများကို ပြသဆောင်ရွက်ထားရှိသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ဦးတည်ချက် များ၊ အမျိုးသားပညာရေး၊ အမျိုးသားရေးစိတ်ဓာတ်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက် ရန်သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသား(၁၁)ဦးအမည်နှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကျဉ်း စသည့် သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
မန်းသန်းရွှေမြင့် (ပြန်/ဆက်)