တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ်     နိုဝင်ဘာ  ၂၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစား ခန်းမ၌ ကျင်းပသည်။

 ရှေးဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာသော အမျိုးသား(၃)ယောက်တွဲ ထားဝယ်အသင်းနှင့်မြိတ်အသင်း တို့၏ ယှဉ်ပြိုင် ကစားနေမှုကိုတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များတို့က ကြည့်ရှုအားပေးရာ မြိတ်အသင်းက  အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာတိုင်းဒေသကြီး လွှတ်တော်ရုံးမှဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပွဲစဉ်တစ်လျှောက်အကူအညီပေးသောကြက်ခြေတပ်ဖွဲ့အားဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့်တာဝန်ရှိသူများက ပထမဆုနှင့်ဒုတိယဆု ရရှိ သော အသင်းများအား တစ်ဦးချင်းဆုနှင့်ငွေသားဆု ချီးမြှင့်သည်။

ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ပထမဆုရရှိသော အမျိုးသမီး(၂) ယောက်တွဲနှင့် (၃) ယောက်တွဲပြိုင်ပွဲတွင်ဆုရရှိသည့် တနင်္သာရီမြို့နယ်အသင်းအားလည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲထားဝယ် မြို့နယ်အသင်းနှင့်(၃)ယောက်တွဲပြိုင်ပွဲတွင် ဆုရရှိသည့်မြိတ်မြို့နယ် အသင်းတို့အားလည်းကောင်းတံခွန်စိုက်ဆုဖလား အသီးသီးပေးအပ်ချီးမြှင့််ခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)