ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆွေးနွေးပွဲ Talk Show ပြုလုပ်

ထားဝယ် နိုဝင်ဘာ  ၂၆

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဆွေးနွေးပွဲ Talk Show အစီအစဉ် ကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် က ထားဝယ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်း က ပြည်သူများနှင့်ကျောင်းသား/သူများအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များအကြောင်း ကိုသိရှိပြီး အနာဂတ်ကာလ၌ အသိဉာဏ်ပညာကြွယ်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်လာ နိုင်စေရန်ရည်ရွယ်၍ Oline မှတစ်ဆင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းမှ  အထက်တန်းပြဆရာမ ဒေါ်ကြည်ကြည်မြင့်က မြန်မာနိုင်ငံ၏အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသား‌အောင်ပွဲနေ့၏ ဦးတည်ချက် (၄)ရပ်နှင့် ဆောင်ပုဒ်၊ ပထမကျောင်းသား သပိတ်မှ စတင်ပြီး မျိုးချစ်စိတ်ဓာတ်များ နိုးကြားလာကာ   အရယူ သည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ ပုံများ၊ အမျိုးသားအောင်ပွဲနေ့၏ အနှစ်သာရများ စသည်တို့ကို အသိပညာပေးဆွေးနွေး ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်းက ဆရာမအားကျေးဇူတင်စကားနှင့် အသိပညာ ဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ဆက်လက်ကျင်းပပေးသွားမည်တို့ကို ပြောကြားခဲ့ ကြောင်း သိရသည်။

KKL(ထားဝယ်)