တကောင်း နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ ဒေသခံပြည်သူများ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုင်ဆောင် နိုင်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက်နှင့် (၂၄)ရက်နေ့တို့တွင် အမှတ်(၃)ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လ.ဝ.က မှူး ဦးဖုန်းဇော်ဝင်းနှင့် ဝန်ထမ်းများက တကောင်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားကတ်ပြားမရှိသူများအား ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ နိုင်ငံ သားစိစစ်ရေးကတ်ပြားအသစ်လျှောက်ထားသူ (၂၄)ဦး၊ အပျောက်လျှောက်ထားသူ(၁၁)ဦး၊ အသက် (၁၈)နှစ်ပြည့်လဲလှယ်သူ(၁)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်သူ (၁၃)ဦးတို့အား ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရသည်။
သီရိအောင် (တကောင်း)