ရွှေပြည်သာ နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင် စေရန်နှင့် ကူးစက်မှုလျော့ကျစေရန် ရည်ရွယ်၍ အသက်(၂၈)နှစ်အထက် ရဟန်းရှင်လူပြည်သူများနှင့် ဦးတည် အုပ်စုများ ကာကွယ်ဆေးထိုးနှံရန်နှင့် ကျန်းမာရေးအသိပေးခြင်းများ လိုက်လံနှိုးဆော်မှုကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးထိုးရန် သတ်မှတ်ထားသည့် နေ့ရက်များအလိုက် ကြိုတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်း အလှည့်ကျနှိုး ဆော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းအချိန်က ရပ်ကွက်များအတွင်း လူစည်ကား နေရာများ တွင် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့လှည့်လည်နှိုး ဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ပြုမူနေထိုင်ကြရန် စသည့် အ
သိပေးခြင်း၊ သတိပေးခြင်းများနှင့် အတူ ရောဂါဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် မိဘပြည်သူများအ နေဖြင့် မိမိတို့၏ သက်ဆိုင်ရာ စုရပ်နေရာများတွင် ကာကွယ်ဆေးများ သွားရောက်ထိုးနှံပေးကြပါရန်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။
မြိုနယ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မ တော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များက ကာကွယ်ဆေးထိုးနှံသည့် နေရာများသို့ လိုက်လံကြည့်ရှုအားပေး၍ ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့် အညီ လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးခြင်း၊ ရပ်ကွက်၊ ကျေးရွာ များအလိုက် သတ်မှတ်ထားသည့် စုရပ်နေရာများတွင် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် လိုက်လံနှိုးဆော်ခြင်း၊ ကျန်းမာရေးအသိပေးခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ကာကွယ်ဆေး ထိုးနှံမည့် ဦးတည်အုပ်စုများနှင့် ဆေးထိုးစုရပ်နေရာများ သတ်မှတ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက် ၉ နာရီချိန်မှစတင်၍ အသက်(၁၈)နှစ်နှင့် အထက် ရဟန်းရှင် လူပြည်သူများနှင့် ဦးတည်အုပ်စုများအား ပြည်သူ့ဆေးရုံ၊ အမှတ်(၇)၊ အမှတ်(၈)၊ အမှတ်(၉)နှင့် အမှတ်(၁၆) ရပ်ကွက်များတွင် ကာကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမိုး(ပြန်/ဆက်)