ကွန်ဟိန်းမြို့၌၊ ရပ်ကွက် ကျေးရွာအုပ်စုများအတွင်းရှိ မသန်စွမ်းသူများအား ထပ်တိုးထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ကွန်ဟိန်း       ဩဂုတ်   ၂၁

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ရပ်ကွက် ကျေးရွာအုပ်စုများအတွင်းရှိ မသန်စွမ်းသူများအား ထပ်တိုးထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများအား တာဝန်ရှိသူများက ကွန်ဟိန်းမြို့နယ်​အတွင်းရှိမသန်စွမ်း သူများအားတစ်ဦးလျှင်ငွေသား သုံး သောင်းကျပ်ဖြင့် လူဦးရေ(၂၂၅) ဦး အတွက် ငွေကျပ် (၆၇၅၀၀၀၀) ခြောက်ဆယ့်ခုနှစ်သိန်းငါးသောင်းတိတိအား ပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မသန်စွမ်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ 

မြို့နယ် (ပြန်/ဆက်)