တေရသမရွှေကျင်သာသနာပိုင် ညောင်ရွှေကန်ကြီးဆရာတော်ဘုရားကြီး၏ ကြေးသွန်းရုပ်တုတော် သွန်းလုပ်ပူဇော်မည်

ညောင်ရွှေ     ဩဂုတ်     ၂၁

(၁၃)ဆက်မြောက် ရွှေကျင်နိကာယ သံဃာ့ဂိုဏ်းကြီး၏ တေရသမရွှေကျင်သာသနာပိုင် ဆရာတော်ဖြစ်တော်မူသော ဘဝနတ်ထံ ပျံလွန်တော်မူပြီးဖြစ်သည့် ကန်ကြီးပရိယတ္တိ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တဝိမလာဘိဝံသ အရှင်မြတ်၏ ကြေးသွန်းရုပ်တုတော်ကို သွန်းလုပ်ပူဇော်၍ ညောင်ရွှေမြို့၊ ကန်ကြီးပရိယတ္တိစာသင်တိုက်ရှိ အောင်မင်္ဂလာဓမ္မာရုံရှေ့၌ ထားရှိပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အမြင့်(၅)ပေ(၈)လက်မရှိသော ဆရာတော်ဘုရားကြီး၏ ရပ်တော်မူကြေးသွန်း ရုပ်တုတော်ကြီးအား အကျယ် (၃၂)ပေ ပတ်လည်ရှိရင်ပြင်တော်အတွင်း အမြင့်(၇)ပေရှိ အုတ်ခုံပေါ်တွင် အမြင့်(၅)ပေရှိသော ပလ္လင်တော်ထက်၌ အောင်မြင်စွာ တည်ထားပူဇော်နိုင် ရေးအတွက် သီတဂူဆရာတော်ဘုရားကြီး၏ ဩဝါဒလမ်းညွှန်မှုဖြင့် တပည့်သား သံဃာတော်များ၊ ဒါယကာ၊ ဒါယိကာမများက ဩဂုတ်လ(၁၉)ရက်နေ့မှစတင်၍ ငါးလအတွင်း ဆောင်ရွက်သွား မည်ဖြစ် ကြောင်း သိရသည်။

စိုင်းအယ်ဘဲ