ရန်ကုန် သြဂုတ် ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများကျန်းမာရေးနှင့်ညီညွတ်စေရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်သော အားကစားပစ္စည်းများကို ရပ်ကွက် (၁၀)ခုတွင်ရှိသော အားကစားပြုလုပ်နိုင်ရန် ရွေးချယ်ထား သည့် နေရာ(၁၁)ခုတွင် တစ်နေရာလျှင် အားကစားပစ္စည်း(၄)မျိုးစီဖြင့် စုစုပေါင်း(၄၄)ခု ထားရှိပေးသွားမည်ဖြစ်သည်။
အဆိုပါ အားကစားပစ္စည်းများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ပြည်သူများ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ရာတွင် အသုံးပြုရသည့် လက်လှည့်တိုင်၊ လမ်းလျှောက်ခြေနင်း ကိရိယာ၊ အဆီချခါးလှည့် ကိရိယာနှင့် ခြေထောက် ပိုင်း လေ့ကျင့်ကိရိယာများ ပါဝင်မည်ဖြစ်ကာ အများ ပြည်သူများအတွက် ပုံမှန်လေ့ကျင့်ခြင်းအားဖြင့် ကျန်းမာရေးအတွက် အထူး သင့်လျော်ကောင်းမွန်မည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ပုသိမ်ညွန့်၊ ကူးတို့ဆိပ်၊ မလွှကုန်း၊ သာယာကုန်း၊ တောင်ညွန့်ကြီး၊ ရေတွင်းကုန်း၊ ကန်တော်ကလေးအရှေ့၊ ကန်တော် ကလေး အနောက်၊ ကန်တော် ကလေးမြောက်နှင့် စံပြဖ.ဆ.ပ.လ ရပ်ကွက်စသည့် ရပ်ကွက်(၁၀)ခုတွင် အများပြည်သူ အသုံးပြုနိုင် ရေးအတွက် ထားရှိပေးသွားမည်ဖြစ်သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရပ်ကွက်(၂၀)ရှိသည့်အနက် အားကစားပစ္စည်းများ ထားရှိအသုံးပြုနိုင် မည့် ရပ်ကွက်(၁၀) ခုကို စိစစ် ရွေးချယ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်ဝင်းနှင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်လှိုင်တို့က အားကစား ပစ္စည်းများပြည်သူများအတွက် ရရှိစေရန်ပံ့ပိုး ကူညီပေးခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)