ဖာပွန်ခရိုင်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု

ဖာပွန် ဩဂုတ် ၂၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအနေမှာ ကွင်းဒလ (ရေပူ-အ.လ.က-ခွဲ) ကျောင်းတွင် တန်ဖိုးနည်းအိမ်ရာ (၂) လုံး တည်ဆောက်ခြင်းလုပ်ငန်း (၉၅) ရာခိုင်နှုန်းပြီးစီး​နေပြီဖြစ်ကြောင်း၊ ကျောင်းခြံစည်းရိုးနှင့် ဂိတ်တံခါးဆောက်ရွက်ခြင်းလုပ်ငန်းမှာလည်း (၉၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းနှင့် ဖာပွန်မြို့နယ် အ.မ.က(ကိုင်းတော)တွင် (၆၀'×၃၀') RC (၁)ထပ်ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်းများမှာလည်း (၉၀) နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှ ဖာပွန်မြို့နယ်၊ အ.မ.က (မဲကုလား)တွင် တန်ဖိုးနည်းအိမ်ရာ (၁) လုံး တည်ဆောက်ခြင်းနှင့် ဖာပွန်မြို့နယ်တွင် ဆိုလာပါဝါ (၃၀၀) စုံတပ်ဆင်ခြင်းလုပ်ငန်းများ၊ ဖာပွန်မြို့နယ် ဝါသိုးခို-ကျောက်ကွင်း-ကိုလူပျို-မဲကုလား ကျေးရွာချင်းဆက်လမ်း (၆/၆) မိုင် အနက် (၂/၀) မိုင် ကျောက်ခင်းခြင်း၊ အဆိုပါလမ်းပေါ်၌ (၂၀) ပေ တံတား (၁) စင်းတည်ဆောက်ခြင်း၊ (၅) ပေ Box Culvert (၁) ခုတည်ဆောက်ခြင်းနှင့် (၃) ပေ ရေပြွန် (၃) ခု တည်ဆောက်ခြင်းလုပ်ငန်းများမှာ (၁၀၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)