နမ့်ခမ်း နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နက်ပိုင်း (၉)နာရီအချိန် ပြည်သူများသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး သတင် းစကား လက်ကမ်းစာစောင်တွင် ပြည်သူများမှ အသိပညာဗဟုသုတ ရရှိစေမည့် အမျိုးသားအောင်ပွဲနေ့ဖြစ်လာပုံ သမိုင်းအကြောင်းအရာများ၊ ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပြည်သူ တစ်ရပ်လုံးမှ ထားရှိရမည့် အမျိုးသားရေးစိတ်ဓာတ်များ၊ အမျိုးသားပညာရေး အကြောင်းအရာ များ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး အမည်စာရင်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် ကဗျာများ ထုတ်ဝေဖော်ပြထားသည်။
သတင်းစကား လက်ကမ်းစာစောင်းဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နမ့်ခမ်းမြို့ရှိ မြို့မစည်ပင်သာယာဈေး၊ လမ်းဆုံနေရာများမှ ပြည်သူများနှင့် ဌာနဆိုင်ရာများရှိ ဝန်ထမ်းများသို့ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)