သံတောင်ကြီးမြို့နယ်တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဆက်လက်အခမဲ့ဖြန့်ဝေ

သံတောင်ကြီး     နိုဝင်ဘာ   ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ရှိ ဒေသခံပြည်သူများ လူငယ်လူရွယ်များ ကျောင်းသူ /ကျောင်းသား များအနေဖြင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိရှိစေရန် နှင့် အစဉ် အောက်မေ့ စေရန်အတွက် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နော်လော်မူနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများတွင် ဆက်လက်အခမဲ့ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါသတင်းလက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် ၊(၁၀၁) နှစ်မြောက်အမျိုးသားအောင် ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၁-၄-၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကား မှ ကောက်နုတ်ချက် ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့ ဖဆပလ အဖွဲ့ချုပ်ကြီး၏နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ အမျိုးသားရေးစိတ်ဓါတ်၊ ရေနံ့သာမောင်ကျော်ညွှန့်၏ ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာစသည့်အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သသက်သည့် အကြောင်းအရာ များတို့ပါဝင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)