ပုလော သြဂုတ်လ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်အား ယနေ့နံနက် ၁၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုလောမြို့နယ်ရုံးတွင် ပြသထားကြောင်း သိရသည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးမှုဆိုသည်မှာ၊ လူကုန်ကူးခြင်းဖြစ်စဉ်များသည် ပြည်ပတွင်သာမက ပြည်တွင်း၌လည်းဖြစ်နိုင်ကြောင်း၊ လူကုန်ကူးမှုကျူးလွန်ပါက ကျခံရမည့်ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော လူကုန်ကူးမှုအမျိုးအစား၊ လူကုန်ကူးခံရသူများ၏လူစုဆောင်းသည့်နည်းလမ်းများ၊ လူကုန်ကူးမခံရအောင် သတိပြုရမည့် အချက်များနှင့် အသိပေးတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို ပြသထားရှိသည့်အပြင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှုမှတ်တမ်းများကို ပြည်သူများအလွယ်တကူလေ့လာကြည့်ရှုနိုင်ရန်အတွက် ပြသထားရှိကြောင်း သိရသည်။
အေးအေးမော်(ပုလော ပြန်/ဆက်)