မလှိုင် နိုဝင်ဘာ ၂၆
(၁ဝ၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင် များကို မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဆွေဆွေမြင့်နှင့် ဝန်ထမ်းများက မြို့သစ် အ.ထ.က ကျောင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယမန်နေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်၊၊
သတင်းစကားလက်ကမ်း စာစောင်တွင် အမျိုးသား အောင်ပွဲနေ့ ပေါ်ပေါက်လာပုံ အကြောင်း အရာများ၊ ၂ဝ၂၁ ခုနှစ် (၁ဝ၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ရန်ကုန် ယူနီ ဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓီဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦးအမည် ၊ဗိုလ်ချုပ်အောင်ဆန်း(၂ဝ.၁.၁၉၄၆)ရက်နေ့ ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၁.၄.၂ဝ၂၁) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကား ကောက်နှုတ်ချက်များ၊ အမျိုးသားပညာရေးအကြောင်းနှင့် ရေနံ့သာ မောင်ကျော်ညွန့် ရေးသားသည့် ဘုန်းရှင့်မြန်မာ တို့မြန်မာ ကဗျာများ ပါဝင်ကြောင်း သိရသည်။
အဆိုပါသတင်းစကား လက်ကမ်းစာစောင်ကို ၂ဝ၂၁ ခုနှစ် နိုဝင်ဘာ(၂၈) ရက်နေ့တွင်ကျရောက် မည့် (၁ဝ၁)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာ(ရုံးချုပ်)က အခမဲ့ ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)