၁၀၁ နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင်      နိုဝင်ဘာ     ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ် ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နိုဝင် ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၀၁ နှစ်မြောက် ၊ အမျိုးသားအောင်ပွဲနေ့ကို  ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့  မနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ နယ်လှည့် လှုပ်ရှားမှုတစ်ရပ် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နယ်လှည့်ကွင်းဆင်းမှုတွင် ၁၀၁ နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း နှင့်ပတ်သက်၍  ဒေါ်နန်းမြင့်အေး ၊ ရုပ်သံကျွမ်းကျင်-၃ က ဆွေးနွေးဟောပြောခြင်း ၊ ကျောင်းသား ကျောင်းသူများ၏ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ပေးခြင်း ၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသော အမျိုးသား အောင်ပွဲနေ့  အထိမ်းအမှတ် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည့်ဖြိုးမောင်(မိုင်းကိုင်)