မိုင်းပျဉ်း ဩဂုတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ကျန်ရှိမှုမရှိစေရေးတို့ အတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့ ည နေ ၃ နာရီက မို့ပေါ်အောက်ဈေတန်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမင်းသူနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌ၊ ရပ်ကွက်ရာအိမ်မှူးနှင့် စာရေးဝန်ထမ်းများက အထွေထွေရွေးကောက်ပွဲ တွင်အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သူများပုံစံ(၃)ဖြင့်လျှောက်ထားနိုင်ရေး၊ မပါဝင်သင့်သည့် အမည်စာရင်း ပါဝင်နေပါက ပုံစံ(၄) ဖြင့်ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါအချက်အလက်မှားယွင်းမှုများကို ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထားနိုင်ရေးအတွက် အိမ်တိုင်ရာ ရောက်ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည် ။
မိုင်းပျဉ်းမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၁)အုပ်စုရှိပြီး ၎င်းရပ်ကွက်/ကျေးရွာများသို့ လည်းဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အဖွဲ့ငယ်များခွဲ၍ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှု ရှိစေရေးနှင့် ကျန်ရှိမှုမရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မေမွန်ထွဋ်၊ပြန်ဆက်