အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိ

ပလောက်     နိုဝင်ဘာ     ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင် ကြားလျက်ရှိသည့် အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီခွဲ အချိန်က ပလောက်မြို့ အထကကျောင်း​တွင် ထိုးနှံပေး လျက်ရှိကြောင်း  သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ကို    အသက်(၁၂)နှစ်ပြည့်ပြီးသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) တစ်လုံးလျင်(၂)ဦးနှုန်း ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ ဆေးတစ်ခုခုနှင့် ဓာတ်မတည့်သော ရောဂါရှိ/မရှိ၊ အတက်ရောဂါစသည့် ဉီးနှောက်အာရုံကြောဆိုင်ရာရောဂါရှိ/မရှိနှင့် သွေးမတိတ် ရောဂါရှိ/မရှိ တို့ကို မေးမြန်းပြီးမှသာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးကို ပလောက်မြို့ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် အဆင်ပြေစေရေးအတွက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက စနစ်တကျ ဆေးထိုးနိုင်ရန် လိုအပ်သည်များ ကူညီဆောင် ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

နှင်းမြူလွင်  (ပလောက်)