မိုင်းတုံ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ကော်မရှင်နှင့် မိုင်းဆတ်ခရိုင်ကော်မရှင်တို့ ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အဖွင့်အမှာစကား ပြောကြားပြီးနောက်၊ ခရိုင်ကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ချိုက ခရိုင်နှင့် မြို့နယ် ကော်မရှင်လုပ်ငန်းဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီမှုများနှင့် သုံးပတ်အတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းအခက်အခဲများရှိပါက ကော်မရှင်အဖွဲ့များက ပူးပေါင်းပါဝင် ဆောင်ရွက်စေရေးတို့ကို အကျယ်တစ်ဝင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကော်မရှင်မှ ဦးစီအရာရှိ ဒေါ်နန်းနွမ်းဖောင် ကကော်မရှင်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြီးကော်မရှင်အဖွဲ့ ဝင်များမှလည်း အိမ်ထောင်စု စာရင်းနှင့် လူဦးရေ စာရင်းများကို ဝိုင်းဝန်း ဆောင်ရွက်ပေး နေမှုနှင့်အမြန်းဆုံး သတ်မှတ်ချိန် အပြီးလုပ် ဆောင်နိုင်ရန် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်