ရေဖြူ နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများ က နိုဝင်ဘာ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် ရေဖြူမြို့နယ်၊ ရာဖူး ကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို ကွင်းဆင်းကာ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ ပြည်သူများအား အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၇)ဦး၊ အသက်(၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃၅)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်သူ (၂၅)ဦး၊ မှတ်ပုံတင်မိတ္တူဆောင်ရွက်သူ(၁၁)ဦး၊ စုစုပေါင်း(၂၁၈)ဦး နှင့်အိမ်ထောင်စု(၂၅)စုကို အိမ်ထောင်စုစာရင်းထုတ်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ရာဖူးကျေးရွာအုပ်စု၊ မရမ်းချောင်း ကျေးရွာပြည်သူများသို့ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများက (၂) ရက်တာ ကွင်းဆင်းကာ ဆောင်ရွက်ပြီး ပြည်သူများလက်ဝယ် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် အိမ်ထောင်စု စာရင်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခတ္တာ