ကလိန်အောင် နိုဝင်ဘာ ၂၅
ထားဝယ်ခရိုင်၊ ကလိန်အောင်တွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင်ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်ခန့်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ ကျောင်းသား/ကျောင်းသူများ အနေဖြင့် အားလပ်သည့် အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်၍ စာငှား/စာဖတ်ကြရန်၊ အခြားဂိမ်းကစားခြင်း၊ ပြိုင်ပွဲများကျင်းပခြင်းများတွင် ပူးပေါင်းပါဝင်ကြစေရန်နှင့် စာကြည့်တိုက်သို့ စဥ်ဆက်မပြတ် ဝင်ထွက်သွားလာတတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက် ပေးခြင်းဖြစ်သည်။
အဆိုပါ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲတွင်အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား/ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို မြို့ဦးစီးမှူးက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်