ဘောဂလိမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် ဖြန့်ဝေ

ဘောဂလိ နိုဝင်ဘာ  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင်  (၁၀၁)နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်း စာစောင်များကို  ယနေ့နံနက်ပိုင်းအချိန်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဘောဂလိမြို့ မြို့ပေါ် ရပ်ကွက်များတွင် မိဘပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  လက်ကမ်းစာစောင်တွင်  ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များ၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်နေ့တွင်  ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား  တွေ့ဆုံပြောကြား သည့် အမှာစကားမှ ကောက်နှုတ်ချက်၊  အေးအတူပူအမျှ၊ ရန်ကုန် ယူနီဗာစီတီ  အက်ဥပဒေကို သပိတ်မှောက်ရန်  သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော  ကျောင်းသားကြီး(၁၁)ဦး၊  အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသားအောင်ပွဲနေ့ အစရှိသည့် အကြောင်းအရာများ၊ ရေနံ့သာ မောင်ကျော် ညွှန့်ရေးသားသော ဘုန်းရှင့်မြန်မာ တို့ မြန်မာကဗျာ အစရှိသည့် အကြောင်းအရာများ  ပါဝင် ကြောင်းသိရှိရသည်။

ဘောဂလိ (ပြန်/ဆက်)