သုံးခွ ဩဂုတ် ၂၁
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ BRAC Myanmar ပူးပေါင်း အဖွဲ့နှင့် သုံးခွမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးနှင့် မဖြစ်ပေါ် စေရန် လိုအပ်ချက်များအား ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက သုံးခွမြို့နယ် အတွင်း အသိပေးလိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာရုံးမှ ဦးစီးအရာရှိ ဦးပိုးရယ်အောင်မြတ်၊ BRAC myanmar အဖွဲ့မှ ဦးဇေယျာဦးတို့ ပါဝင်သောအဖွဲ့က သုံးခွမြို့မစျေးရှေ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး အနီးတွင် လည်းကောင်း၊ အမှတ် (၁) ရပ်ကွက် မင်းရဲကျော်စွာ လမ်းမကြီး၊ (၂)ရပ်ကွက် မြနန္ဒာလမ်း၊ တပင်ရွှေထီးလမ်းတို့တွင် လည်းကောင်း အသံချဲ့ စက် ဖြင့် လူစုလူဝေးနေရာများသို့ မသွားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ နေအိမ် ပြင်ပသို့ သွားလာလျှင် နှာခေါင်းစည်း တပ်ဆင် ရန်၊ နှာချေချောင်းဆိုးလျှင် ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ရန်၊ အိပ်ရေး ဝအောင် အိပ်ရန်၊ အာဟာရပြည့်ဝစွာ စားသုံး ရန်၊ လက်ကို ဆပ်ပြာရည်ဖြင့် မကြာခဏဆေးကြောရန် စသည့် အသိပေး နှိုဆော်ခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်