ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁ ဦးထပ်မံတွေ့ရှိ၊ ၁ ဦး ကျန်းမာလာ

ဟားခါး          နိုဝင်ဘာ          ၂၅

ဟားခါးမြို့၌ နိုဝင်ဘာလ ၂၄ ရက်နေ့တွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁ ဦးထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသူများအနက် ၁ ဦး ကျန်းမာလာကြောင်းသိရသည်။ သံသယရှိသူ ၁၂ ဦးကို Test Kit ဖြင့် စစ်ဆေးရာ  ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခြင်းသည်။

ဟားခါးမြို့နယ်၌ ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၃၂၇ ဦး၊  ဆေးရုံဆင်းခွင့်ရသူ ၁၂၇၂ ဦး၊ သေဆုံးသူ ၄၂ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၃ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)