မိုင်းခုတ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူများက ပူးပေါင်းအားဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့်အချက်များအား အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကား ရာနေရာများ၌ အသိပညာပေး လှည့်လှည် နှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန် တတ်နိုင်သမျှ မိမိအိမ်၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေ အကွာမှ နေထိုင်ပြောဆိုရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကို ဆပ်ပြာနှင့် စက္ကန့်(၂၀) ကြာ စနစ်တကျ ဆေးကြောရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှု ခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီး ကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများကို ပြည်သူများ ကိုယ်စီ လိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး Hand Speaker အသုံးပြု၍ မြန်မာနှင့် ရှမ်းသာသာစကားဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်းသိရသည်။
ယဉ်ယဉ်ဝင်း (ပြန်/ဆက်)