မန်နောင်ကျေးရွာတွင် အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းသား/သူများအား ကိုဗစ်−၁၉ ကာကွယ်ဆေး (Sinovac)ထိုးနှံပေး

မိုးမောက်          နိုဝင်ဘာ         ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မန်နောင်ကျေးရွာ ..က ကျောင်း၌ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ဆောင်ပုဒ်နှင့်အညီ အသက်(၁၂) နှစ်နှင့် အသက်(၁၈)နှင့်အောက် အခြေခံပညာ ကျောင်းသား/ကျောင်းသူများကို ပထမအကြိမ်အဖြစ် ကိုဗစ်၁၉ ကာကွယ်ဆေး (Sinovac)ကို ယမန်နေ့ နံနက် နာရီတွင်  စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရာတွင် မိုးမောက်မြို့နယ် မန်နောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ နှင်းအီကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၊ နွယ်လန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ ခုံဆင့်သစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ နောင်ပေါင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း စုစုပေါင်းကျောင်း()ကျောင်းတို့မှ အပ်နှံထားသော ကျောင်းသား/သူများကို ထိုးနှံပေးလျက်ရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစံလင်း၏ ဦးဆောင်မှုနှင့်အတူ မြို့နယ်ပညာရေးမှူး ဒေါ်ကေသီဝင်းနှင့် မြို့နယ် ကျန်းမာရေးမှူးအဆင့် () ဦးစန်းနိုင်နှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်၁၉ ကာကွယ်ဆေး(Sinovac) ကို ထိုးနှံပေးရာတွင် စနစ်တကျထိုးနှံနိုင်ရေးနှင့် အဆင်ပြေချောမွေ့မှု ရှိစေရေးတို့အပြင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကိန်းဖြူ (ပြန်/ဆက်)